ထုတ်ဝေပုံနှိပ်မလုပ်ရသေးတဲ့ ကဗျာစုစည်းမှုတွေထဲ မပါသေးတဲ့ ကဗျာတွေ

ကျွန်ုပ်နှင့် ဆယ်လ်ဗီယာ
ကျွန်ုပ်နှင့် ဆယ်လ်ဗီယာ
၂၇.၀၄.၂၀၂၃

ကျွန်ုပ်နှင့် ဆယ်လ်ဗီယာ သစ်ရွက်ဝါကလေးဟာ အဝေးကြီးလွင့်ပျံလာခဲ့ပြီးနောက် ဘယ်သူမှမရှိတဲ့ ညလယ်ခေါင်ကြီးမှာ တရေးနိုးထလာ တိတ်ဆိတ်လွန်းလို့ ဝရန်တာမှာထွက်ရပ်တော့ ဂိုဒေါင်အဟောင်းကြီးဟာ ပုံလျက်သားကြီး ငြိမ်နေ။ ကြယ်ကလေးတပွင့် ငြိမ်နေရှာ ဘယ်သူမှလည်း သတိမထားမိကြပါ။ ဘာမှ မရေရာခြင်းတွေ ဝိညာဉ်များလို စီစီတီဗီမှာတော့ တွေ့ရမှာပဲ ဓာတ်ပုံကြည့်ရသလို ထောင့်တောင့်တောင့်ကြီး အောင့်နေ။ ဂုဏ်သိက္ခာဟာ လေထိုး

လင်းခါး
သီချင်း
၂၇.၀၄.၂၀၂၃

သီချင်း တစ်ယောက်နဲ့တစ်ယောက် လွဲခဲ့ကြတာကိုက တစ်ယောက်နဲ့တစ်ယောက် နမ်းခဲ့ကြတာကို ပြန် အမှတ်ရစေ စကတည်းက မတွယ်ငြိရင်ကောင်းမှာ ကြွေတော့မှ မြင်တဲ့ အလင်းနဲ့ငါ ရေစက်ကုန်သလိုလား တစ်ပင်လုံးကြွေမှ သစ်ခြောက်ပင်ဟာ အလွမ်းတေးမှန်းသိ တစ်ပင်လုံးဝေမှ ကိုယ့်ကိုယ်ကိုယ် အနိမ့်စံ စံပယ်ပန်းမှန်းသိတယ် တစ်ဘဝမှာ တစ်ခါပဲပျော်ရတယ် မင်းနဲ့ငါ ဒါကို ခေါင်းရင်းမှာထား ညည သေသည်အထိ ဆိုသွားရမယ့် သီချင်းလား ။ ။ #လင

#ဖလူးကြီးအမှတ်တရ
ထူးဆန်းတဲ့ကဗျာ
၂၇.၀၄.၂၀၂၃

ထူးဆန်းတဲ့ ကဗျာ ထူးဆန်းတဲ့ ကဗျာ ငါရေးနေတယ် ထူးဆန်းသော၊ ပျင်းရိဖွယ်ကောင်းသော နာမဝိသေန တစ်လုံးမှမပါဘဲ သူ့အလိုလို ထူးဆန်းတဲ့ ဂုဏ်သတ္တိကိန်းအောင်းနေတဲ့ ကဗျာ အမှန်ပေမယ့် ငြင်းပယ်ခံရတတ်တဲ့ ဘုရားသခင်ကြီးစိုးသော ပျော်စရာပေမယ့် မျက်ရည်လည်တတ်တဲ့ အနုမာနကြီးစိုးသော မိတ်ဆွေတွေကို ပုန်းခို ကြိတ်ကောင်းစားတဲ့ သံသယကြီးစိုးသော ထူးဆန်းတဲ့ ကဗျာ ငါရေးနေတယ် စကားပြောတတ်တဲ့ ငှက်လောက်ကို ခေါင်းကြီးရေးဖို့ စဉ်းစ

အနုပဋိလောမလုပ်ဇာတ်များ
အနုပဋိလောမလုပ်ဇာတ်များ
၂၇.၀၄.၂၀၂၃

အနုပဋိလောမ လုပ်ဇာတ်များ ဖန်ခွက်ကလေးကို ဇွန်းနဲ့ခေါက်ရတာ သူသေဘာကျ သတဲ့ နုနေပြန်ပါပြီ မပြော ပါးထရိုက်လို့ မဖြစ် တော်လှန်ရေးကာလကြီးမှာ လွင် လွင် က လေး ရယ် တာ ရာ ဇ ဝ တ် မှု ကွ တဲ့ သူတို့ စုံတွဲ ကြည့်ရတာ ဟန်ကျလိုက်တာ ဗာဒံရွက် ပိုးပေါက်နဲ့ မြက်ခြောက် ကြည့်ရသလို နေ ဝါ ဝါ နဲ့ ရေ ပြာ ပြာ ကြည့်ရသလို။ ။ #လင်းခါး

အမှောင်ထဲက ကျွှန်တွေ
အမှောင်ထဲက ကျွန်တွေ
၂၇.၀၄.၂၀၂၃

အမှောင်ထဲက ကျွန်တွေ ကျွန်ခေတ်ရဲ့နိဂုံးကောင်းကင်ကနေ ပရိုဂရမ်မာဟာ လေထီးနဲ့ ဝေဖာထုပ်တွေ ချပေးခဲ့တယ် ဝေဖာပေါ်မှာ ကောင်းကင်ဘုံဘာသာစကားကို လက်သည်းနဲ့ထွင်းထားတဲ့ ကြေညာစာတမ်းတွေ ငတ်နေတဲ့ ကျွန်တွေဟာ ကြေညာစာတမ်းပါတဲ့ ဝေဖာတွေကို စားပြီးကြတဲ့နောက် သူတို့အလံဟာ ဘာမဆိုဖြစ်နိုင်သွားတယ် ကျောက်ခေတ်တုန်းကတာ့ လူတွေဟာ အိပ်မက်ကို ဘာပါလို့ ထင်ရမှန်းကို မသိတာ ကျွန်ခေတ်ရောက်တော့ အိပ်မက်ဆိုတာ စိုးရိမ်စရာပဲ စို

အမှောင်ခေတ်
အမှောင်ခေတ်
၂၄.၀၂.၂၀၂၃

အမှောင်ခေတ် တနေ့ထဲနဲ့ ဝါကျ ခြောက်ရာရေးလိုက်ပြီးနောက် အကြောဆေးသွင်းလိုက်ရတယ်၊ ဝါကျတွေက တကြောင်းနဲ့ တကြောင်း ဆင်တူနီးနီးပဲ ဘာမှ အားစိုက်ရတာ မဟုတ်ဘူး ဝါကျကို မြင်လိုက်တာနဲ့ ငါ့အဖြစ်ကို တန်းမိတာမျိုးတွေ၊ ဆရာဝန်က ပြောတယ် ဦးနှောက်ကို အနားပေးပါတဲ့၊ ဦးနှောက်ဆိုတာ ဘာအလုပ်ရှိတာမှတ်လို့၊ ဝါကျတွေ ငါရေးချတယ် ကားတစ်စီးပေါ်ကနေ ဘေးကဖြတ်သွားတဲ့ ကားတစီးကို လှမ်းမြင်လိုက်ရသလိုပဲ။ အေးလေ ဦးနှောက်ဆိုတာ

သတင်းစာဖတ်ပြီး စိတ်ဆိုးရခြင်း ၂
သတင်းစာဖတ်ပြီး စိတ်ဆိုးရခြင်း ၂
၂၃.၀၂.၂၀၂၃

သတင်းစာဖတ်ပြီး စိတ်ဆိုးရခြင်း - ၂ နံနက်စောစော ခရေပင်အောက် သေနတ်သမားတယောက် ပန်းကောက်နေ ဖွေးဆုတ်နေတဲ့ ပေါင်သားပေါ် ကနုတ်ပန်းစာလုံးနဲ့ ရေးထားတဲ့စာသား ဂျွန်လင်နွန်ရေးတာလား လောကနီတိ ကျမ်းကိုးလား လျှာပေါ်ပေါက်တဲ့ မြက် အူနုကိုခတ်မယ့် ဤ မျက်လုံးက ထွက်မယ့် မျက်ရည်တို့ကို သံဆူးကြိုးနဲ့ တားကြရင် သိပ်ကောင်းမှာ အမြင်မှောက်မှားခဲ့ရာ အခုအခံများ အတွေးချော်ခဲ့ရာ တားမြစ်စာသားများ ယမ်းခိုးအူခဲ့ရာ မြေ

ငါမသိတဲ့တခု
ငါမသိတဲ့ တခု
၂၃.၀၂.၂၀၂၃

ငါ မသိတဲ့ တခု ပန်းဆိုးတန်း ဂုံးတံတားအောက် ကွမ်းယာဆိုင်တဆိုင်တွင် မျက်နှာဝိုင်းဝိုင်းနှင့်၊ လက်ဖက်ရည်ဆိုင်နံရံတွင် ကော့ကန်ကားနေသော မင်းသမီးပိုစတာရှေ့ မျက်မှန်နှင့်၊ ၅၁ ဘတ်စကားပေါ်တွင် မနက်ခင်း မရမ်းကုန်းမှ ဆူးလေ၊ ညနေခင်း ဆူးလေမှ မရမ်းကုန်း အစုန်အဆန် စာရေးမကလေးနှင့် အင်လျားကန်ဘောင်မှ လှမ်းမြင်ရသော လသာဆောင်တခုပေါ်တွင် ငြိမ်သက်နေသော မှဲ့နက်ကလေး အဲဒီကောင်မလေး ညကြီးမင်းကြီး အိမ်သာခွက်ထဲ ဆေ

စွတ်ပြုတ်ပူပူ
စွတ်ပြုတ်ပူပူ
၁၉.၀၂.၂၀၂၃

စွတ်ပြုတ်ပူပူ "စွတ်ပြုတ်သောက်ကြရအောင် ဟေ့" ဘက်တီးရီးယားတွေနဲ့ ဆော့နေတဲ့ ခြံထဲက ကလေးငယ်တွေကို အဘိုးကြီးက အော်ခေါ်လိုက်တယ် အမှန်က စွတ်ပြုတ်တွေ မကျက်သေးဘူး အဘိုးကြီးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းအပြောကတော့ စွတ်ပြုတ်အိုးကို တည်တောင်မတည်ရသေးဘူး တဲ့ တကယ်တော့ အဘိုးကြီးဟာ စွတ်ပြုတ်ဘယ်လိုတည်ရတယ်ဆိုတာတောင် မသိပါဘူး ကလေးတွေက တံခါးမကြီးဆီကို ဝုန်းခနဲ ပြေးလာကြတယ် ဘက်တီးရီးယားတွေကပ်နေတဲ့ လက်တွေကို

တွမ်အန်ဂျယ်ရီကြည့်ခြင်း
တွမ်အန်ဂျယ်ရီကြည့်ခြင်း
၁၉.၀၂.၂၀၂၃

တွမ်အန်ဂျယ်ရီ ကြည့်ခြင်း အဝိဇ္ဇာ အမှောင်ဖုံးတဲ့ စခရင်အမဲပေါ် ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းထဲ ကြွက်ဝင်သွားတယ် ကြွက်ဝင်သွားတာကို မြင်လိုက်တဲ့ ကြောင် လိုက်ဝင်သွား တွမ်အန်ဂျယ်ရီရဲ့အကြောင်းတရားဟာ ဒီကမ္ဘာကြီးပျက်ပြီး နောက်ကမ္ဘာတခုရောက်တော့ အရင်းရှင်အိမ်မှာ တွမ်အန်ဂျယ်ရီအဖြစ်ပဲ ဆက်လက် အကျိုးတရားဖြစ်ထွန်း ဒိန်ခဲများ၊ နွားနို့ဗူးများ၊ ကြက်ပေါင်များ၊ တဏှာကြောင့် ဥပါဒါန် ဥပါဒါန်ကြောင့် တွမ်အန်ဂျယ်ရီ

နောက်ကျောမှာ တယောက်တော့ မောနေတယ်
နောက်ကျောမှာ တယောက်တော့ မောနေတယ်
၁၈.၀၂.၂၀၂၃

နောက်ကျောမှာ တယောက်တော့ မောနေတယ် လူတယောက်အားငယ်လာတဲ့အခါ သူ့နောက်ကျောဟာ သေးသွားတယ် ပုခုံးနှစ်ဖက်ကနေ ရှေ့ကို စိုက်ကျသွားလို့ နောက်ကျောဟာ ကျဉ်းသွားတယ် နောက်ကျောအရပ်မှာ စုတ်ထိုးနေစရာပေးထားတဲ့ ‌အာဠာဝကရှိခဲ့ရင် ခမျာလဲ မထနိုင်တော့ သူ့ခေါင်းနှစ်ဖက်ကို ဆွဲဆုတ်ထားတယ် မိန်းမတယောက်ရဲ့ နောက်ကျောကတော့ အလှဆုံးပဲ သူ့ဘရာစီယာကြိုးချောင်းကလေးကအစ အတွင်းခံအနားပြားသွေးကြောပမာများအထိ အားငယ်နေတဲ့ မိန်းမတယော

ငယ်ဘဝတွေ (ဓာတ်ပုံ-ကိုလှိုင်း)
ငယ်ဘဝတွေ
၁၇.၀၂.၂၀၂၃

ငယ်ဘဝတွေ ပေါင်ပေါ်က အမာရွတ်လေး ခုထိ ရှိနေသေးသလိုပဲ မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေလည်းရှိသေးတယ်။ ငယ်ငယ်က မပြည့်တဲ့ဆုတောင်းတွေ ရှိခဲ့ပေမယ့် ငယ်ငယ်က အသည်းနာ အမာရွတ်တွေ မရှိခဲ့ဘူး။ ပြေးလွှားဆော့ကစားခဲ့တဲ့ ခြေထောက်တွေ ပြေးလွှားရုန်းကန်ရတဲ့ ခြေထောက်တွေအဖြစ် ပြောင်းခဲ့ပြီ။ ငယ်ဘဝက အိပ်မက်တွေဆိုတာ အခုဖြစ်နေရမယ့် လက်တွေ့ဘဝမဟုတ်လား။ အခုလို ငါ့အိပ်မက် မဟုတ်ခဲ့ပါ အခုလို ငါစိတ်ကူးမယဉ်ခဲ့ပါ ငါတွေး

Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.